ကမာၻေျမျပင္သို႔ျပန္လည္ျပဳတ္က်လာေတာ့မည့္ အထိန္းခ်ဳပ္မဲ့ တ႐ုတ္အာကာသဒုံးပ်ံေၾကာင့္ စပိန္နိုင္ငံေလဆိပ္ေတြ ပိတ္ထားရ…

ကမာၻေျမျပင္သို႔ျပန္လည္ျပဳတ္က်လာေတာ့မည့္ အထိန္းခ်ဳပ္မဲ့ တ႐ုတ္အာကာသဒုံးပ်ံေၾကာင့္ စပိန္နိုင္ငံေလဆိပ္ေတြ ပိတ္ထားရ…

 

အထိန္းအခ်ဳပ္မဲ့စြာနဲ႔ ကမာၻေျမျပင္ကို ျပန္က်လာေတာ့မယ့္ တ႐ုတ္ဒုံးပ်ံအစိတ္အပိုင္းေတြေၾကာင့္ စပိန္ႏိုင္ငံက ေလဆိပ္ေတြအမ်ားအျပားက ႏိုဝင္ဘာလ ၄ ရက္ေန႔ အေစာပိုင္းမွာ သူတို႔ေလပိုင္နက္ ေတြကို ပိတ္ထားလိုက္တယ္လို႔ သိရပါတယ္။

လာရီယိုဂ်ာနဲ႔ ကတ္စ္တီလာ၊ လီယြန္ အပါအဝင္အျခား ေသာေနရာေတြမွာ ဒုံးပ်ံယာဥ္က်ေရာက္မႈသက္ ေရာက္ႏိုင္လို႔ ေလဆိပ္ေတြကို ပိတ္ထားခဲ့ၿပီး ဘာစီလိုနာ၊ တာရာဂိုနာ၊ အီဘီဇာနဲ႔ ရီရက္စ္တို႔က ေလေၾကာင္းလိုင္းေလယာဥ္ပ်ံသန္းမႈေတြကို ေခတၱရပ္နားထားခဲ့ၾကပါတယ္။

ဘာစီလိုနာၿမိဳ႕ ေလဆိပ္ေတြက ေလယာဥ္ခရီးစဥ္ေတြ ေႏွာင့္ေႏွးၾကန႔္ၾကာမႈေတြဟာ ႏိုဝင္ဘာလ ၄ ရက္ေန႔ တစ္ရက္တာလုံး ျဖစ္ႏိုင္ေခ်ရွိၿပီး အထိန္းခ်ဳပ္မဲ့ တ႐ုတ္အာကာသဒုံးပ်ံယာဥ္ က်ေရာက္မႈ ေၾကာင့္ ကြၽန္းေတြနဲ႔ ယူေကတို႔ၾကားပ်ံသန္းမႈေတြဟာ ထိခိုက္မႈ အမ်ားဆုံးျဖစ္လိမ့္မယ္လို႔ ဘလဲရစ္က ျပည္တြင္းမီဒီယာေတြက ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ၿပီးခဲ့တဲ့ ေအာက္တို ဘာလ ၃၁ ရက္ေန႔ တနလၤာေန႔တုန္းက ထ်န္းကုန္းအာကာသ စခန္းတည္ေဆာက္မႈရဲ႕ တတိယနဲ႔ ေနာက္ဆုံးအပိုင္းကို ဟီနန္ကြၽန္းေတာင္ပိုင္းက ဝမ္ခ်န္း ၿဂိဳလ္တု လႊတ္တင္ေရးစင္တာကေန အာကာသထဲ လႊတ္တင္ခဲ့ၿပီးေနာက္ ၂၃ တန္အေလးခ်ိန္ရွိ ဒုံးပ်ံရဲ႕ ကိုယ္ထည္အစိတ္အပိုင္းဟာ ကမာၻေျမျပင္သို႔ ျပန္လည္က်ေရာက္ႏိုင္ ေခ်ရွိေၾကာင္း သတိေပး ထားခဲ့ပါတယ္။

စပိန္ႏိုင္ငံဟာလည္း အဲ့ဒီ ဒုံးပ်ံယာဥ္အစိတ္အပိုင္းက်ေရာက္ႏိုင္တဲ့ လမ္းေၾကာင္း ေပၚရွိတဲ့ ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ သတ္မွတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။

ေအာက္ကို ျပန္က်လာတာနဲ႔အမွ် ႀကီးမားေလးလံတဲ့ အပ်က္အစီးေတြဟာ ကမာၻေျမမ်က္ႏွာျပင္ေပၚကို က်ေရာက္သြားမွာျဖစ္ၿပီး မိုင္ေပါင္း ရာနဲ႔ခ်ီတဲ့ ဧရိယာေတြမွာ သက္ေရာက္မႈ ရွိႏိုင္တယ္လို႔လည္း သိရပါတယ္။

တစ္နာရီ မိုင္ ၁၇၅၀၀ ႏႈန္းနဲ႔ ကမာၻေျမျပင္ထဲ က်လာမယ့္ ဒုံးပ်ံအပ်က္အစီးေတြကို ဥေရာပ အာကာသေလ့ လာေစာင့္ၾကည့္ေရးနဲ႔ ေျခရာခံအဖြဲ႕အစည္းကေန ေစာင့္ၾကည့္လွ်က္ရွိေနပါတယ္။ ဒါဟာလည္း မၾကာေသး မီႏွစ္ေတြအတြင္း ကမာၻ႔ေလထုထဲ ျပန္လည္ဝင္ေရာက္မယ့္ အႀကီးမားဆုံး အပ်က္အစီးေတြထဲက တစ္ခုျဖစ္တာေၾကာင့္ သတိထားေစာင့္ၾကည့္ဖို႔ လိုအပ္တာလည္း ျဖစ္ပါ တယ္။

Crd..MyanmaPlatform

Unicode

ကမ္ဘာမြေပြင်သို့ပြန်လည်ပြုတ်ကျလာတော့မည့် အထိန်းချုပ်မဲ့ တရုတ်အာကာသဒုံးပျံကြောင့် စပိန်နိုင်ငံလေဆိပ်တွေ ပိတ်ထားရ…

အထိန်းအချုပ်မဲ့စွာနဲ့ ကမ္ဘာမြေပြင်ကို ပြန်ကျလာတော့မယ့် တရုတ်ဒုံးပျံအစိတ်အပိုင်းတွေကြောင့် စပိန်နိုင်ငံက လေဆိပ်တွေအများအပြားက နိုဝင်ဘာလ ၄ ရက်နေ့ အစောပိုင်းမှာ သူတို့လေပိုင်နက် တွေကို ပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

လာရီယိုဂျာနဲ့ ကတ်စ်တီလာ၊ လီယွန် အပါအဝင်အခြား သောနေရာတွေမှာ ဒုံးပျံယာဉ်ကျရောက်မှုသက် ရောက်နိုင်လို့ လေဆိပ်တွေကို ပိတ်ထားခဲ့ပြီး ဘာစီလိုနာ၊ တာရာဂိုနာ၊ အီဘီဇာနဲ့ ရီရက်စ်တို့က လေကြောင်းလိုင်းလေယာဉ်ပျံသန်းမှုတွေကို ခေတ္တရပ်နားထားခဲ့ကြပါတယ်။

ဘာစီလိုနာမြို့ လေဆိပ်တွေက လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးကြန့်ကြာမှုတွေဟာ နိုဝင်ဘာလ ၄ ရက်နေ့ တစ်ရက်တာလုံး ဖြစ်နိုင်ချေရှိပြီး အထိန်းချုပ်မဲ့ တရုတ်အာကာသဒုံးပျံယာဉ် ကျရောက်မှု ကြောင့် ကျွန်းတွေနဲ့ ယူကေတို့ကြားပျံသန်းမှုတွေဟာ ထိခိုက်မှု အများဆုံးဖြစ်လိမ့်မယ်လို့ ဘလဲရစ်က ပြည်တွင်းမီဒီယာတွေက ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ အောက်တို ဘာလ ၃၁ ရက်နေ့ တနင်္လာနေ့တုန်းက ထျန်းကုန်းအာကာသ စခန်းတည်ဆောက်မှုရဲ့ တတိယနဲ့ နောက်ဆုံးအပိုင်းကို ဟီနန်ကျွန်းတောင်ပိုင်းက ဝမ်ချန်း ဂြိုလ်တု လွှတ်တင်ရေးစင်တာကနေ အာကာသထဲ လွှတ်တင်ခဲ့ပြီးနောက် ၂၃ တန်အလေးချိန်ရှိ ဒုံးပျံရဲ့ ကိုယ်ထည်အစိတ်အပိုင်းဟာ ကမ္ဘာမြေပြင်သို့ ပြန်လည်ကျရောက်နိုင် ချေရှိကြောင်း သတိပေး ထားခဲ့ပါတယ်။

စပိန်နိုင်ငံဟာလည်း အဲ့ဒီ ဒုံးပျံယာဉ်အစိတ်အပိုင်းကျရောက်နိုင်တဲ့ လမ်းကြောင်း ပေါ်ရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အောက်ကို ပြန်ကျလာတာနဲ့အမျှ ကြီးမားလေးလံတဲ့ အပျက်အစီးတွေဟာ ကမ္ဘာမြေမျက်နှာပြင်ပေါ်ကို ကျရောက်သွားမှာဖြစ်ပြီး မိုင်ပေါင်း ရာနဲ့ချီတဲ့ ဧရိယာတွေမှာ သက်ရောက်မှု ရှိနိုင်တယ်လို့လည်း သိရပါတယ်။

တစ်နာရီ မိုင် ၁၇၅၀၀ နှုန်းနဲ့ ကမ္ဘာမြေပြင်ထဲ ကျလာမယ့် ဒုံးပျံအပျက်အစီးတွေကို ဥရောပ အာကာသလေ့ လာစောင့်ကြည့်ရေးနဲ့ ခြေရာခံအဖွဲ့အစည်းကနေ စောင့်ကြည့်လျှက်ရှိနေပါတယ်။ ဒါဟာလည်း မကြာသေး မီနှစ်တွေအတွင်း ကမ္ဘာ့လေထုထဲ ပြန်လည်ဝင်ရောက်မယ့် အကြီးမားဆုံး အပျက်အစီးတွေထဲက တစ်ခုဖြစ်တာကြောင့် သတိထားစောင့်ကြည့်ဖို့ လိုအပ်တာလည်း ဖြစ်ပါ တယ်။

Crd..MyanmaPlatform

Crd