” ကမာၻေက်ာ္ သတင္းဌာနတစ္ခုျဖစ္တဲ့ The Guardian သတင္းဌာနရဲ႕ ကမာၻ႔ဗုံးႀကီးကို စနက္တံ မီးရႈိ႕လိုက္ၿပီး ျမန္မာ့အေရးအတြက္ ခပ္ၾကမ္းၾကမ္း ေတာင္းဆိုမႈ”

” ကမာၻေက်ာ္ သတင္းဌာနတစ္ခုျဖစ္တဲ့ The Guardian သတင္းဌာနရဲ႕ ကမာၻ႔ဗုံးႀကီးကို စနက္တံ မီးရႈိ႕လိုက္ၿပီး ျမန္မာ့အေရးအတြက္ ခပ္ၾကမ္းၾကမ္း ေတာင္းဆိုမႈ”

” ကမ္ဘာကျော် သတင်းဌာနတစ်ခုဖြစ်တဲ့ The Guardian သတင်းဌာနရဲ့ ကမ္ဘာ့ဗုံးကြီးကို စနက်တံ မီးရှို့လိုက်ပြီး မြန်မာ့အရေးအတွက် ခပ်ကြမ်းကြမ်း တောင်းဆိုမှု”

( ကမာၻေက်ာ္ သတင္းဌာနတစ္ခုျဖစ္တဲ့ The Guardian သတင္းဌာနရဲ႕ ပင္တိုင္ေဆာင္းပါးရွင္ Simon Tisdall က ရာဇဝတ္မႈ႕ေတြ က်ဴးလြန္ေနတဲ့ ျမန္မာစစ္အာဏာရွင္ကို ကမာၻလုံးဆိုင္ရာ ႏွိမ္နင္းမႈ႕ လုပ္ေဆာင္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္ ။ Simon ရဲ႕ ေတာင္းဆိုခ်က္ကို ထုတ္ႏုတ္တင္ျပရမယ္ဆိုရင္ ……..၊

” ျမန္မာႏိုင္ငံဆိုတာ ကေလးေတြကို ေထာင္ခ် ၊ ညႇဥ္းပန္း ႏွိပ္စက္ေနတဲ့ ႏိုင္ငံပါ ။ လြန္ခဲ့တဲ့ ၂၀၂၁ ခုႏွစ္ အာဏာသိမ္းၿပီးကတည္းက ျမန္မာျပည္သူေတြ ေသဆုံးေနရတယ္ ။ ႏိုင္ငံေရးသမား ေတာ္ေတာ္မ်ားမ်ားကို ရက္စက္ၾကမ္းၾကဳတ္တဲ့ ျမန္မာစစ္တပ္က ဖမ္းဆီးထားတယ္ ။ တခ်ိဳ႕ကို ေသဒဏ္ေပးတယ္ ။ ”
” မင္းသိလား …၊ ဒါဟာ ယူကရိန္းမဟုတ္ဘူး ။ ဗလာဒီမာပူတင္ မဟုတ္ဘူး ။ ”

” ဒီရာဇဝတ္ေကာင္ဟာ အဓိပၺါယ္မဲ့ အလွဆင္ထားတဲ့ ေ႐ႊစလြယ္နဲ႔ စစ္ယူနီေဖာင္းကို ဝတ္ထားတယ္ ။ သူကေတာ့ ျမန္မာျပည္သူေတြအေပၚမွာ ရာဇဝတ္မႈ႕ေတြ က်ဴးလြန္ေနတဲ့ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ပါ ။ အာဏာရွင္တစ္ဦးဟာ ဆုတံဆိပ္ေတြ မ်ားမ်ားဝတ္ေလေလ အႏၲရာယ္မ်ားေလေလဆိုတာ ဒီလူမိုက္ သိပုံမေပၚပါဘူး ။ ဒီလူသတ္သမားဟာ ႐ြာေတြကို မီးရႈိ႕တယ္ ။ စာသင္ေက်ာင္း ၊ ေဆး႐ုံ ၊ ဘာသာေရးေက်ာင္းေတြကို မီးရႈိ႕တယ္ ။ အဆိုး႐ြားဆုံး ရက္စက္သူျဖစ္တယ္ ။ ”

” မင္းေအာင္လႈိင္ဟာ လြန္ခဲ့တဲ့တစ္ပတ္က လြတ္လပ္ေရးေန႔မွာ ျမန္မာျပည္သူေတြ သပိပ္ေမွာက္ေနတဲ့ ၾကားထဲကေန စစ္ေရးျပအမခမ္းအနားႀကီးကို ထီမထင္ က်င္းပျပခဲ့တယ္ ။ ဒီလူသတ္ေကာင္ကို ကမာၻႀကီးက ဘာ့ေၾကာင့္ လက္ပိုက္ၾကည့္ေနၾကသလဲ …။ ”

” ျမန္မာစစ္တပ္ဟာ ရက္စက္ၾကမ္းၾကဳတ္စြာနဲ႔ အာဏာဆက္ထိန္းေနေပမဲ့ တိုင္းျပည္ကိုေတာ့ တည္ၿငိမ္ေအာင္ လုပ္ႏိုင္မွာမဟုတ္ပါဘူး ။ လူႀကိဳက္မ်ားတဲ့ ေထာက္ခံမႈ႕ရႏိုင္တယ္ဆိုတဲ့ အေထာက္အထား တစ္ခုတစ္ေလမွ မရွိဘူး ။ ”
” ျမန္မာႏိုင္ငံက ျပည္သူေတြဟာ အကူအညီလိုေနတယ္ ။ ဒီေတာ့ ၊ ႏိုင္ငံတကာအသိုင္းအဝိုင္းက ဘာလုပ္သင့္သလဲ ……? ”

” ထုံးစံအတိုင္းပါပဲ ။ ျမန္မာျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြက အေမရိကန္အေပၚမွာပဲ ရွိေနတယ္ ။ ဘာ့ေၾကာင့္လဲဆိုေတာ့ အေမရိကန္သမၼတ ဘိုင္ဒန္က ျမန္မာျပည္သူေတြကို ကူညီဖို႔ ကာကြယ္ေရးဥပေဒကို ခြင့္ျပဳထားတယ္ ။ အက်ဥ္းသားကူညီေရးနဲ႔ ကာကြယ္ေရးအတြက္ပါ ခြင့္ျပဳထားလို႔ ျမန္မာျပည္သူေတြက အေမရိကန္ကို ေမွ်ာ္လင့္ေနၾကတာ ။ အိမ္ျဖဴေတာ္က ဘာဆက္လုပ္မယ္ဆိုတာ မသိရေသးဘူး ။ ”

” ဒီေတာ့ က်န္တဲ့ ကမာၻ႔ႏိုင္ငံေတြက ျမန္မာႏိုင္ငံသားေတြကို ကူညီၿပီး အာဏာရွင္ မင္းေအာင္လႈိင္ကို ေျခဖေႏွာင့္နဲ႔ေပါက္ဖို႔ ဘာ့ေၾကာင့္ တုံ႔ဆိုင္းေနသလဲ ။ ”
” သီအိုရီအရ တ႐ုတ္ႏိုင္ငံဟာ ပါဝင္ကူညီဖို႔ အေကာင္းဆုံးႏိုင္ငံပါ ။ နယ္ခ်င္းထိေနတယ္ ။ ျမန္မာအေပၚ ၾသဇာႀကီးတယ္ ။ နယ္နိမိတ္ခ်င္းထိေနတဲ့ စီးပြားဖက္ႏိုင္ငံကို မကူညီတာဟာ ပီကင္းရဲ႕ အက်ိဳးစီးပြားအတြက္ မဟုတ္လို႔လား … ”

” အိႏၵိယအေနနဲ႔လည္း ကုလသမဂၢမွာ ရန္ပုံေငြထည့္ဝင္ထားသလို နယ္ခ်င္းထိေနတဲ့ ျမန္မာ့အေရးမွာ ပါဝင္ကူညီသင့္တယ္ ။ ျမနမာေတာ္လွန္ေရး အဖြဲ႕ေတြကို ရာဇဝတ္ေကာင္ ႏွိမ္နင္းတဲ့ေနရာမွာ အိႏၵိယအေနနဲ႔ ျမန္မာျပည္သူေတြကို ကူညီဖို႔လိုတယ္ ။ ”

” အာဆီယံမွာလည္း အုပ္စုကြဲေနတယ္ ။ အခ်က္ ၅ ခ်က္ က ရပ္တန္႔သြားၿပီ ။ အခ်က္ ၅ ခ်က္ကို ေစာင့္ခ်င္တဲ့ ႏိုင္ငံေတြဟာ ျမန္မာစစ္တပ္ရဲ႕ အတုအေယာင္ ေ႐ြးေကာက္ပြဲကို အခ်ိန္ေပးခ်င္လို႔ဘဲ ။ ႐ိုဟင္ဂ်ာ ျပႆနာမွာေတာင္ တခ်ိဳ႕အာဆီယံႏိုင္ငံေတြက တုပ္တုပ္မလႈပ္ၾကဘူး ။ ”

” စိတ္ပ်က္စရာေကာင္းတာက ရန္ကုန္က ကက္သလစ္ဘုရားေက်ာင္းမွာ ရာဇဝတ္ေကာင္ မင္းေအာင္လႈိင္အတြက္ ခရစ္စမတ္ကိတ္ ေကြၽးေမြးဖို႔ ဖိတ္ေခၚခဲ့ၾကတယ္ ။ ကာဒီနယ္ ခ်ားလ္စ္ေမာင္ဘိုက ဆုေတာင္းေပးတယ္ ။ မင္းေအာင္လႈိင္ရဲ႕ လက္နက္ကိုင္ေတြက ဘုရားေက်ာင္းေတြကို မီးရႈိ႕ခဲ့တာေတြ ေမ့သြားတာလား ။ ေမာင္ဘိုရဲ႕ ဇာတိ႐ြာကို တိုက္ခိုက္ခံရတာေတြ ခြင့္လႊတ္လိုက္တာလား …။ ”

” ခမာနီေတြက ပိုေပါ့အစိုးရကို ႏိုင္ငံတကာ တရား႐ုံးတင္သလို ျပည္တြင္းက သက္ဆိုင္သူအားလုံးက ပါဝင္ဖို႔လိုတယ္ ။ ျမန္မာစစ္တပ္နဲ႔ ပနံသင့္ျပေနေတာ့ ႏိုင္ငံတကာက ဘယ္လိုျမင္မလဲ …။ ျမန္မာ့အေရးအထူးကိုယ္စားလွယ္ တြမ္အင္ဒ႐ူးက (ျမန္မာစစ္တပ္ဟာ စနစ္တက် စီစဥ္ထားတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈ႕နဲ႔ ရာဇဝတ္မႈ႕ေတြကို ေန႔စဥ္က်ဴးလြန္ေနတယ္ ) လို႔ တင္ျပထားတယ္ ။ ကြၽန္ေတာ္တို႔ ကမာၻႀကီးက ဘာလဲ …။ ဘယ္အရာက ပိုရွင္းမလဲ ။ ”

” ၂၁ ရာစုရဲ႕ ကမာၻလုံးဆိုင္ရာ တရားမွ်တမႈ႕နဲ႔ အရပ္ဘက္ျပည္သူေတြရဲ႕ လြတ္လပ္ေရးတိုက္ပြဲအတြက္ ေအာင္ျမင္ေစခ်င္တယ္ဆိုရင္ ၊ ကမာၻႀကီးက ျမန္မာ့အေရးအတြက္ ျမန္မာျပည္သူေတြနဲ႔အတူ တိုက္ပြဲဝင္ရမယ္ ”
ဆိုသလို ခပ္ၾကမ္းၾကမ္း ေတာင္းဆိုမႈ႕ေတြနဲ႔ ကမာၻ႔ႏိုင္ငံေတြကို လႈံ႕ံေဆာ္ ေတာင္းဆိုလိုက္ပါတယ္ ။

ေဆာင္းပါးရွင္ ေျပာသလိုပါပဲ ။ ကမာၻႀကီးက ျမန္မာျပည္သူေတြအတြက္ မခံမရပ္ႏိုင္ ျဖစ္ေနတာေတာင္ တခ်ိဳ႕ ဘာသာေရးေခါင္းေဆာင္ေတြက အာဏာရွင္နဲ႔ ပလူးျပေနၾကတယ္ ။ တခ်ိဳ႕ အႏုပညာရွင္ေတြက ေဒၚေအာင္ဆန္းစုၾကည္ အနားမွာ ကပ္ခဲ့ၾကတာဟာ အခုအခ်ိန္မွာ ၿငိမ္ေနၾကေတာ့ သတင္းႏႈိက္သူေတြလားလို႔ေတာင္ ထင္ရပါတယ္ ။ တခ်ိဳ႕ျပည္သူေတြကေတာ့ ျပည္ပႏိုင္ငံက အေသးစားစီးပြားေရးလုပ္ငန္းေလးေတြကို ျပည္ပ်က္ေနခ်ိန္မွာ ေခတ္ေကာင္းေနသလိုလို ႂကြားဝါေနၾကျပန္တယ္ ။ တခ်ိဳ႕ကေတာ့ တိုင္းျပည္က ဘာမွျဖစ္မေနသလို စားတာလည္းအသိေပး ၊ ဝယ္တာလည္း အသိေပးနဲ႔ ျမန္မာ့အေရးအတြက္ အသက္စြန္႔ေနသူေတြနဲ႔ ျပည္ပက ႀကိဴးစားေနသူေတြအတြက္ေတာ့ စိတ္ေလစရာေကာင္းေနမွာ အမွန္ပါဘဲ ။

ကဲ ……၊ ျမန္မာျပည္သူတို႔ေရ ။ ခမာနီအစိုးရကို ျဖဳတ္ခ်ခဲ့တာဟာ လူတန္းစားအသီးသီး ပါဝင္လို႔တဲ့ ။ အသိေပးထားပါတယ္ ။ ေဆာင္းပါးရွင္ကလည္း ကမာၻႀကီးကို မခံခ်င္စိတ္နဲ႔ေမးၿပီး စနက္တံ မီးရႈိ႕ေပးထားပါတယ္ ။ အာဏာသိမ္းေခါင္းေဆာင္လည္း ဒ႐ုန္းလြတ္ေအာင္ အိမ္ေျပာင္းေျပးတယ္လို႔ သတင္းေတြ ၾကားေနရပါတယ္ ။ ဘာလုပ္ၾကမလဲ ….။

crd
ဘႀကီးေအာင္ LA
8 January, 2023

Unicode
” ကမ္ဘာကျော် သတင်းဌာနတစ်ခုဖြစ်တဲ့ The Guardian သတင်းဌာနရဲ့ ကမ္ဘာ့ဗုံးကြီးကို စနက်တံ မီးရှို့လိုက်ပြီး မြန်မာ့အရေးအတွက် ခပ်ကြမ်းကြမ်း တောင်းဆိုမှု”

( ကမ္ဘာကျော် သတင်းဌာနတစ်ခုဖြစ်တဲ့ The Guardian သတင်းဌာနရဲ့ ပင်တိုင်ဆောင်းပါးရှင် Simon Tisdall က ရာဇဝတ်မှု့တွေ ကျူးလွန်နေတဲ့ မြန်မာစစ်အာဏာရှင်ကို ကမ္ဘာလုံးဆိုင်ရာ နှိမ်နင်းမှု့ လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုက်ပါတယ် ။ Simon ရဲ့ တောင်းဆိုချက်ကို ထုတ်နုတ်တင်ပြရမယ်ဆိုရင် ……..၊

” မြန်မာနိုင်ငံဆိုတာ ကလေးတွေကို ထောင်ချ ၊ ညှဉ်းပန်း နှိပ်စက်နေတဲ့ နိုင်ငံပါ ။ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက မြန်မာပြည်သူတွေ သေဆုံးနေရတယ် ။ နိုင်ငံရေးသမား တော်တော်များများကို ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်က ဖမ်းဆီးထားတယ် ။ တချို့ကို သေဒဏ်ပေးတယ် ။ ”
” မင်းသိလား …၊ ဒါဟာ ယူကရိန်းမဟုတ်ဘူး ။ ဗလာဒီမာပူတင် မဟုတ်ဘူး ။ ”

” ဒီရာဇဝတ်ကောင်ဟာ အဓိပ္ဗါယ်မဲ့ အလှဆင်ထားတဲ့ ရွှေစလွယ်နဲ့ စစ်ယူနီဖောင်းကို ဝတ်ထားတယ် ။ သူကတော့ မြန်မာပြည်သူတွေအပေါ်မှာ ရာဇဝတ်မှု့တွေ ကျူးလွန်နေတဲ့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ပါ ။ အာဏာရှင်တစ်ဦးဟာ ဆုတံဆိပ်တွေ များများဝတ်လေလေ အန္တရာယ်များလေလေဆိုတာ ဒီလူမိုက် သိပုံမပေါ်ပါဘူး ။ ဒီလူသတ်သမားဟာ ရွာတွေကို မီးရှို့တယ် ။ စာသင်ကျောင်း ၊ ဆေးရုံ ၊ ဘာသာရေးကျောင်းတွေကို မီးရှို့တယ် ။ အဆိုးရွားဆုံး ရက်စက်သူဖြစ်တယ် ။ ”

” မင်းအောင်လှိုင်ဟာ လွန်ခဲ့တဲ့တစ်ပတ်က လွတ်လပ်ရေးနေ့မှာ မြန်မာပြည်သူတွေ သပိပ်မှောက်နေတဲ့ ကြားထဲကနေ စစ်ရေးပြအမခမ်းအနားကြီးကို ထီမထင် ကျင်းပပြခဲ့တယ် ။ ဒီလူသတ်ကောင်ကို ကမ္ဘာကြီးက ဘာ့ကြောင့် လက်ပိုက်ကြည့်နေကြသလဲ …။ ”

” မြန်မာစစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်စွာနဲ့ အာဏာဆက်ထိန်းနေပေမဲ့ တိုင်းပြည်ကိုတော့ တည်ငြိမ်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး ။ လူကြိုက်များတဲ့ ထောက်ခံမှု့ရနိုင်တယ်ဆိုတဲ့ အထောက်အထား တစ်ခုတစ်လေမှ မရှိဘူး ။ ”
” မြန်မာနိုင်ငံက ပြည်သူတွေဟာ အကူအညီလိုနေတယ် ။ ဒီတော့ ၊ နိုင်ငံတကာအသိုင်းအဝိုင်းက ဘာလုပ်သင့်သလဲ ……? ”

” ထုံးစံအတိုင်းပါပဲ ။ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေက အမေရိကန်အပေါ်မှာပဲ ရှိနေတယ် ။ ဘာ့ကြောင့်လဲဆိုတော့ အမေရိကန်သမ္မတ ဘိုင်ဒန်က မြန်မာပြည်သူတွေကို ကူညီဖို့ ကာကွယ်ရေးဥပဒေကို ခွင့်ပြုထားတယ် ။ အကျဉ်းသားကူညီရေးနဲ့ ကာကွယ်ရေးအတွက်ပါ ခွင့်ပြုထားလို့ မြန်မာပြည်သူတွေက အမေရိကန်ကို မျှော်လင့်နေကြတာ ။ အိမ်ဖြူတော်က ဘာဆက်လုပ်မယ်ဆိုတာ မသိရသေးဘူး ။ ”

” ဒီတော့ ကျန်တဲ့ ကမ္ဘာ့နိုင်ငံတွေက မြန်မာနိုင်ငံသားတွေကို ကူညီပြီး အာဏာရှင် မင်းအောင်လှိုင်ကို ခြေဖနှောင့်နဲ့ပေါက်ဖို့ ဘာ့ကြောင့် တုံ့ဆိုင်းနေသလဲ ။ ”
” သီအိုရီအရ တရုတ်နိုင်ငံဟာ ပါဝင်ကူညီဖို့ အကောင်းဆုံးနိုင်ငံပါ ။ နယ်ချင်းထိနေတယ် ။ မြန်မာအပေါ် သြဇာကြီးတယ် ။ နယ်နိမိတ်ချင်းထိနေတဲ့ စီးပွားဖက်နိုင်ငံကို မကူညီတာဟာ ပီကင်းရဲ့ အကျိုးစီးပွားအတွက် မဟုတ်လို့လား … ”

” အိန္ဒိယအနေနဲ့လည်း ကုလသမဂ္ဂမှာ ရန်ပုံငွေထည့်ဝင်ထားသလို နယ်ချင်းထိနေတဲ့ မြန်မာ့အရေးမှာ ပါဝင်ကူညီသင့်တယ် ။ မြနမာတော်လှန်ရေး အဖွဲ့တွေကို ရာဇဝတ်ကောင် နှိမ်နင်းတဲ့နေရာမှာ အိန္ဒိယအနေနဲ့ မြန်မာပြည်သူတွေကို ကူညီဖို့လိုတယ် ။ ”

” အာဆီယံမှာလည်း အုပ်စုကွဲနေတယ် ။ အချက် ၅ ချက် က ရပ်တန့်သွားပြီ ။ အချက် ၅ ချက်ကို စောင့်ချင်တဲ့ နိုင်ငံတွေဟာ မြန်မာစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အချိန်ပေးချင်လို့ဘဲ ။ ရိုဟင်ဂျာ ပြဿနာမှာတောင် တချို့အာဆီယံနိုင်ငံတွေက တုပ်တုပ်မလှုပ်ကြဘူး ။ ”

” စိတ်ပျက်စရာကောင်းတာက ရန်ကုန်က ကက်သလစ်ဘုရားကျောင်းမှာ ရာဇဝတ်ကောင် မင်းအောင်လှိုင်အတွက် ခရစ်စမတ်ကိတ် ကျွေးမွေးဖို့ ဖိတ်ခေါ်ခဲ့ကြတယ် ။ ကာဒီနယ် ချားလ်စ်မောင်ဘိုက ဆုတောင်းပေးတယ် ။ မင်းအောင်လှိုင်ရဲ့ လက်နက်ကိုင်တွေက ဘုရားကျောင်းတွေကို မီးရှို့ခဲ့တာတွေ မေ့သွားတာလား ။ မောင်ဘိုရဲ့ ဇာတိရွာကို တိုက်ခိုက်ခံရတာတွေ ခွင့်လွှတ်လိုက်တာလား …။ ”

” ခမာနီတွေက ပိုပေါ့အစိုးရကို နိုင်ငံတကာ တရားရုံးတင်သလို ပြည်တွင်းက သက်ဆိုင်သူအားလုံးက ပါဝင်ဖို့လိုတယ် ။ မြန်မာစစ်တပ်နဲ့ ပနံသင့်ပြနေတော့ နိုင်ငံတကာက ဘယ်လိုမြင်မလဲ …။ မြန်မာ့အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက (မြန်မာစစ်တပ်ဟာ စနစ်တကျ စီစဉ်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု့နဲ့ ရာဇဝတ်မှု့တွေကို နေ့စဉ်ကျူးလွန်နေတယ် ) လို့ တင်ပြထားတယ် ။ ကျွန်တော်တို့ ကမ္ဘာကြီးက ဘာလဲ …။ ဘယ်အရာက ပိုရှင်းမလဲ ။ ”

” ၂၁ ရာစုရဲ့ ကမ္ဘာလုံးဆိုင်ရာ တရားမျှတမှု့နဲ့ အရပ်ဘက်ပြည်သူတွေရဲ့ လွတ်လပ်ရေးတိုက်ပွဲအတွက် အောင်မြင်စေချင်တယ်ဆိုရင် ၊ ကမ္ဘာကြီးက မြန်မာ့အရေးအတွက် မြန်မာပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်ရမယ် ”
ဆိုသလို ခပ်ကြမ်းကြမ်း တောင်းဆိုမှု့တွေနဲ့ ကမ္ဘာ့နိုင်ငံတွေကို လှုံ့ံဆော် တောင်းဆိုလိုက်ပါတယ် ။

ဆောင်းပါးရှင် ပြောသလိုပါပဲ ။ ကမ္ဘာကြီးက မြန်မာပြည်သူတွေအတွက် မခံမရပ်နိုင် ဖြစ်နေတာတောင် တချို့ ဘာသာရေးခေါင်းဆောင်တွေက အာဏာရှင်နဲ့ ပလူးပြနေကြတယ် ။ တချို့ အနုပညာရှင်တွေက ဒေါ်အောင်ဆန်းစုကြည် အနားမှာ ကပ်ခဲ့ကြတာဟာ အခုအချိန်မှာ ငြိမ်နေကြတော့ သတင်းနှိုက်သူတွေလားလို့တောင် ထင်ရပါတယ် ။ တချို့ပြည်သူတွေကတော့ ပြည်ပနိုင်ငံက အသေးစားစီးပွားရေးလုပ်ငန်းလေးတွေကို ပြည်ပျက်နေချိန်မှာ ခေတ်ကောင်းနေသလိုလို ကြွားဝါနေကြပြန်တယ် ။ တချို့ကတော့ တိုင်းပြည်က ဘာမှဖြစ်မနေသလို စားတာလည်းအသိပေး ၊ ဝယ်တာလည်း အသိပေးနဲ့ မြန်မာ့အရေးအတွက် အသက်စွန့်နေသူတွေနဲ့ ပြည်ပက ကြိူးစားနေသူတွေအတွက်တော့ စိတ်လေစရာကောင်းနေမှာ အမှန်ပါဘဲ ။

ကဲ ……၊ မြန်မာပြည်သူတို့ရေ ။ ခမာနီအစိုးရကို ဖြုတ်ချခဲ့တာဟာ လူတန်းစားအသီးသီး ပါဝင်လို့တဲ့ ။ အသိပေးထားပါတယ် ။ ဆောင်းပါးရှင်ကလည်း ကမ္ဘာကြီးကို မခံချင်စိတ်နဲ့မေးပြီး စနက်တံ မီးရှို့ပေးထားပါတယ် ။ အာဏာသိမ်းခေါင်းဆောင်လည်း ဒရုန်းလွတ်အောင် အိမ်ပြောင်းပြေးတယ်လို့ သတင်းတွေ ကြားနေရပါတယ် ။ ဘာလုပ်ကြမလဲ ….။

crd
ဘကြီးအောင် LA
8 January, 2023

Crd



Post Views:
8

Crd