ကမာၻတလႊားကဆန္းဆန္းျပားျပားၾကက္မ်ား

Unicode
ကမ္ဘာတလွှားကဆန်းဆန်းပြားပြားကြက်များကြက်ဆိုတာကနေတိုင်းမြင်တွေ့နေရတဲ့အတွက်ဘာမှမထူးခြားပေမယ့်သုတဇုန်မိတ်ဆွေများအတွက်ဗဟုသုတအနေနဲ့မျှဝေလိုက်ပါတယ်။
ကြက်သည်ငှက်နှင့်အလားသဏ္ဌာန်တူသောတိရစ္ဆာန်ဖြစ်ပြီးတောကြက်၊အိမ်ကြက်၊ရေကြက်ဟူ၍အမျိုးမျိုးအစားစားရှိကြပါတယ်။ကြက်တွေဟာလွန်ခဲ့တဲ့နှစ်ပေါင်း၈၀၀၀ခန့်ကတည်းကရှိခဲ့ပြီး
အစပထမမှာတော့တောထဲမှာပဲမြင်တွေ့နိုင်တဲ့တောကြက်တွေသာဖြစ်တယ်လို့သိရပါတယ်။အိမ်မွေးတိရစ္ဆာန်အဖြစ်ပထမဆုံးမွေးမြူခဲ့ကြတာတော့တရုတ်နိုင်ငံမြောက်ပိုင်းဒေသမှာဖြစ်ပါတယ်။
ဒါကြောင့်redjunglefowlလို့သိကြတဲ့တောကြက်တွေဟာယနေ့ခေတ်ကြက်မျိုးနွယ်တွေရဲ့ဘိုးဘေးဘီဘင်လို့ဆိုနိုင်ပါတယ်။အဲဒီကနေတဆင့်ယနေ့ဆိုရင်ကမ္ဘာအနှံ့အပြားမှာကြက်တွေကိုမြင်တွေ့နိုင်ပြီဖြစ်ပါတယ်။
ခန့်မှန်းချက်အရယနေ့ကမ္ဘာမှာကြက်အမျိုးအစားပေါင်း၁၀၀ကျော်ရှိနေပြီးအကောင်ရေပေါင်း၂၅ဘီလျံရှိနေကာအဲဒီအထဲကသန်း၄၅၀ခန့်ကိုသာကြက်ဥထုတ်လုပ်ဖို့မွေးမြူကြပါတယ်။ကျန်တဲ့၂၄ဘီလျံကျော်ကတော့အသားအတွက်ဖြစ်ပါတယ်။
ကမ္ဘာ့နေရာတိုင်းနီပါးမှာကြက်တွေကိုစားသောက်ဖို့မွေးမြူကြပေမယ့်အနည်းငယ်သောနေရာမှာတော့ကြက်တွေကိုအိမ်မွေးအချစ်တော်အဖြစ်မွေးမြူလေ့ရှိပါတယ်။ကြက်တွေဟာပျမ်းမျှအရွယ်အစားအားဖြင့်၂၇လက်မ
အလျားရှိပြီးအလေးချိန်က၅.၅ပေါင်ခန့်ရှိတတ်ပါတယ်။အထီးတွေဟာအမတွေထက်အကောင်ပိုကြီးပါတယ်။အရောင်ကတော့မျိုးစုံတွေ့နိုင်ပြီးအထီးတွေရဲ့အရောင်ဟာအမတွေရဲ့အရောင်ထက်ပိုမိုတောက်ပလေ့ရှိပါတယ်။
ကြက်တွေဟာအမြင်အာရုံအလွန်ကောင်းမွန်ပြီးအရောင်တိုင်းကိုခွဲခြားမြင်နိုင်ပါတယ်။ကြက်တွေဟာစက္ကန့်အနည်းငယ်နဲ့အကွာအဝေးကိုပျံနိုင်စွမ်းရှိပါတယ်။အကြာဆုံးပျံသန်းနိုင်ခဲ့ကြက်ကတော့၂၀၁၄ခုနှစ်ကစံချိန်တင်ခဲ့တာဖြစ်ပြီးကြာချိန်၁၃စက္ကန့်ဖြစ်ကာအကွာအဝေးကတော့၃၀၁.၅ပေကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။
ကြက်တွေအိပ်နေတဲ့အခါမျက်လုံးလျှင်မြန်စွာလှုပ်ရှားတာကိုကြည့်ပြီးလူတွေလိုပဲအိပ်မက်မက်လေ့ရှိတယ်လို့ခန့်မှန်းထားကြပါတယ်။သူတို့ရဲ့အဓိကအစားအစာကတော့အစေ့အဆန်နဲ့အင်းဆက်ပိုးမွှားတွေဖြစ်ပါတယ်။
ကြက်တွေဟာကောင်းမွန်တဲ့မှတ်ဉာဏ်ကိုပိုင်ဆိုင်ထားပြီးမတူညီတဲ့လူတွေကိုမှတ်မိခွဲခြားနိုင်စွမ်းရှိပါတယ်။ကြက်မတွေဟာတစ်နှစ်ကိုဥပေါင်း၃၀၀ခန့်ဥနိုင်ပါတယ်။ဥတွေဟာကြက်အမျိုးအစားအလိုက်အဖြူ၊အညို၊ပန်းရောင်၊စိမ်းလဲ့လဲ့၊ပြာလဲ့လဲ့အရောင်တွေရှိတတ်ပါတယ်။ကြက်မတွေဟာဥတွေကို
တစ်နေ့အကြိမ်၅၀ခန့်ဝပ်ပြီးပျမ်းမျှအားဖြင့်စဝပ်ပြီး၂၁ရက်ကြာတဲ့အခါဥတွေကနေအကောင်ပေါက်ပါတယ်။ကြက်မတွေဟာသူမရဲ့သားသမီးတွေကိုစောင့်ရှောက်ပြီးအစာရှာဖွေစားသောက်ပုံကိုသင်ပေးတတ်ကြပါတယ်။ကြက်တွေရဲ့သက်တမ်းကတော့၅နှစ်ကနေ၁၀နှစ်ဖြစ်ပါတယ်။
ဒါကတော့ကြက်တွေနဲ့ပတ်သတ်နဲ့ဗဟုသုတအချို့ဖြစ်ပါတယ်။အောက်ကပုံတွေကတော့ဓာတ်ပုံဆရာTranchelliniရိုက်ကူးထားတဲ့ကမ္ဘာတစ်လွှားကလှပဆန်းပြားတဲ့ကြက်တွေရဲ့ပုံတွေဖြစ်ပါတယ်။
သူဟာ၂၀၁၃မှာလယ်ကွင်းတစ်ခုမှာလှပတဲ့ကြက်တစ်ကောင်တွေ့ခဲ့ရကစလို့ကြက်တွေကိုသဘောကျသွားပြီးအခြားနှစ်ယောက်ဖြစ်တဲ့Monti,Matteoတို့နဲ့အတူလှပဆန်းပြားတဲ့ကြက်တွေကိုရှာဖွေရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။
သူတို့ရဲ့ဒီကြက်ဓာတ်ပုံစီးရီးကိုအီတလီမှာကျင်းပတဲ့Milanoaviaryexhibitionမှာပြသခဲ့ပါတယ်။ကဲကမ္ဘာတစ်လွှားကဆန်းဆန်းပြားပြားကြက်တွေကိုကြည့်လိုက်ကြပါဦး
Crd
Zawgyi
ကမာၻတလႊားကဆန္းဆန္းျပားျပားၾကက္မ်ားၾကက္ဆိုတာကေနတိုင္းျမင္ေတြ႕ေနရတဲ့အတြက္ဘာမွမထူးျခားေပမယ့္သုတဇုန္မိတ္ေဆြမ်ားအတြက္ဗဟုသုတအေနနဲ႔မွ်ေဝလိုက္ပါတယ္။
ၾကက္သည္ငွက္ႏွင့္အလားသဏၭာန္တူေသာတိရစာၦန္ျဖစ္ၿပီးေတာၾကက္၊အိမ္ၾကက္၊ေရၾကက္ဟူ၍အမ်ိဳးမ်ိဳးအစားစားရွိၾကပါတယ္။ၾကက္ေတြဟာလြန္ခဲ့တဲ့ႏွစ္ေပါင္း၈၀၀၀ခန႔္ကတည္းကရွိခဲ့ၿပီး
အစပထမမွာေတာ့ေတာထဲမွာပဲျမင္ေတြ႕ႏိုင္တဲ့ေတာၾကက္ေတြသာျဖစ္တယ္လို႔သိရပါတယ္။အိမ္ေမြးတိရစာၦန္အျဖစ္ပထမဆုံးေမြးျမဴခဲ့ၾကတာေတာ့တ႐ုတ္ႏိုင္ငံေျမာက္ပိုင္းေဒသမွာျဖစ္ပါတယ္။
ဒါေၾကာင့္redjunglefowlလို႔သိၾကတဲ့ေတာၾကက္ေတြဟာယေန႔ေခတ္ၾကက္မ်ိဳးႏြယ္ေတြရဲ႕ဘိုးေဘးဘီဘင္လို႔ဆိုႏိုင္ပါတယ္။အဲဒီကေနတဆင့္ယေန႔ဆိုရင္ကမာၻအႏွံ႔အျပားမွာၾကက္ေတြကိုျမင္ေတြ႕ႏိုင္ၿပီျဖစ္ပါတယ္။
ခန႔္မွန္းခ်က္အရယေန႔ကမာၻမွာၾကက္အမ်ိဳးအစားေပါင္း၁၀၀ေက်ာ္ရွိေနၿပီးအေကာင္ေရေပါင္း၂၅ဘီလ်ံရွိေနကာအဲဒီအထဲကသန္း၄၅၀ခန႔္ကိုသာၾကက္ဥထုတ္လုပ္ဖို႔ေမြးျမဴၾကပါတယ္။က်န္တဲ့၂၄ဘီလ်ံေက်ာ္ကေတာ့အသားအတြက္ျဖစ္ပါတယ္။
ကမာၻ႔ေနရာတိုင္းနီပါးမွာၾကက္ေတြကိုစားေသာက္ဖို႔ေမြးျမဴၾကေပမယ့္အနည္းငယ္ေသာေနရာမွာေတာ့ၾကက္ေတြကိုအိမ္ေမြးအခ်စ္ေတာ္အျဖစ္ေမြးျမဴေလ့ရွိပါတယ္။ၾကက္ေတြဟာပ်မ္းမွ်အ႐ြယ္အစားအားျဖင့္၂၇လက္မ
အလ်ားရွိၿပီးအေလးခ်ိန္က၅.၅ေပါင္ခန႔္ရွိတတ္ပါတယ္။အထီးေတြဟာအမေတြထက္အေကာင္ပိုႀကီးပါတယ္။အေရာင္ကေတာ့မ်ိဳးစုံေတြ႕ႏိုင္ၿပီးအထီးေတြရဲ႕အေရာင္ဟာအမေတြရဲ႕အေရာင္ထက္ပိုမိုေတာက္ပေလ့ရွိပါတယ္။
ၾကက္ေတြဟာအျမင္အာ႐ုံအလြန္ေကာင္းမြန္ၿပီးအေရာင္တိုင္းကိုခြဲျခားျမင္ႏိုင္ပါတယ္။ၾကက္ေတြဟာစကၠန႔္အနည္းငယ္နဲ႔အကြာအေဝးကိုပ်ံႏိုင္စြမ္းရွိပါတယ္။အၾကာဆုံးပ်ံသန္းႏိုင္ခဲ့ၾကက္ကေတာ့၂၀၁၄ခုႏွစ္ကစံခ်ိန္တင္ခဲ့တာျဖစ္ၿပီးၾကာခ်ိန္၁၃စကၠန႔္ျဖစ္ကာအကြာအေဝးကေတာ့၃၀၁.၅ေပကိုေရာက္ရွိခဲ့တာျဖစ္ပါတယ္။
ၾကက္ေတြအိပ္ေနတဲ့အခါမ်က္လုံးလွ်င္ျမန္စြာလႈပ္ရွားတာကိုၾကည့္ၿပီးလူေတြလိုပဲအိပ္မက္မက္ေလ့ရွိတယ္လို႔ခန႔္မွန္းထားၾကပါတယ္။သူတို႔ရဲ႕အဓိကအစားအစာကေတာ့အေစ့အဆန္နဲ႔အင္းဆက္ပိုးမႊားေတြျဖစ္ပါတယ္။
ၾကက္ေတြဟာေကာင္းမြန္တဲ့မွတ္ဉာဏ္ကိုပိုင္ဆိုင္ထားၿပီးမတူညီတဲ့လူေတြကိုမွတ္မိခြဲျခားႏိုင္စြမ္းရွိပါတယ္။ၾကက္မေတြဟာတစ္ႏွစ္ကိုဥေပါင္း၃၀၀ခန႔္ဥႏိုင္ပါတယ္။ဥေတြဟာၾကက္အမ်ိဳးအစားအလိုက္အျဖဴ၊အညိဳ၊ပန္းေရာင္၊စိမ္းလဲ့လဲ့၊ျပာလဲ့လဲ့အေရာင္ေတြရွိတတ္ပါတယ္။ၾကက္မေတြဟာဥေတြကို
တစ္ေန႔အႀကိမ္၅၀ခန႔္ဝပ္ၿပီးပ်မ္းမွ်အားျဖင့္စဝပ္ၿပီး၂၁ရက္ၾကာတဲ့အခါဥေတြကေနအေကာင္ေပါက္ပါတယ္။ၾကက္မေတြဟာသူမရဲ႕သားသမီးေတြကိုေစာင့္ေရွာက္ၿပီးအစာရွာေဖြစားေသာက္ပုံကိုသင္ေပးတတ္ၾကပါတယ္။ၾကက္ေတြရဲ႕သက္တမ္းကေတာ့၅ႏွစ္ကေန၁၀ႏွစ္ျဖစ္ပါတယ္။
ဒါကေတာ့ၾကက္ေတြနဲ႔ပတ္သတ္နဲ႔ဗဟုသုတအခ်ိဳ႕ျဖစ္ပါတယ္။ေအာက္ကပုံေတြကေတာ့ဓာတ္ပုံဆရာTranchellini႐ိုက္ကူးထားတဲ့ကမာၻတစ္လႊားကလွပဆန္းျပားတဲ့ၾကက္ေတြရဲ႕ပုံေတြျဖစ္ပါတယ္။
သူဟာ၂၀၁၃မွာလယ္ကြင္းတစ္ခုမွာလွပတဲ့ၾကက္တစ္ေကာင္ေတြ႕ခဲ့ရကစလို႔ၾကက္ေတြကိုသေဘာက်သြားၿပီးအျခားႏွစ္ေယာက္ျဖစ္တဲ့Monti,Matteoတို႔နဲ႔အတူလွပဆန္းျပားတဲ့ၾကက္ေတြကိုရွာေဖြ႐ိုက္ကူးခဲ့ၾကတာျဖစ္ပါတယ္။
သူတို႔ရဲ႕ဒီၾကက္ဓာတ္ပုံစီးရီးကိုအီတလီမွာက်င္းပတဲ့Milanoaviaryexhibitionမွာျပသခဲ့ပါတယ္။ကဲကမာၻတစ္လႊားကဆန္းဆန္းျပားျပားၾကက္ေတြကိုၾကည့္လိုက္ၾကပါဦး
Crd
26
Crd