ကန်-ဂျပန် ပူးတွဲ စစ်လေ့ကျင့်မှု မလုပ်ဖို့ မြောက်ကိုရီးယားသတိပေးဒေသတွင်း တရုတ်ရဲ့ ရန်လိုမှုကို ရှုတ်ချတဲ့ အမေရိကန်နဲ့ဂျပန်တို့ရဲ့ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး ထိပ်တန်းဦးစားပေးမူဝါဒတွေနဲ့ ထိပ်တန်းအရာရှိတွေကို မြောက်ကိုရီးယားက သတိပေးချက် အသစ်တရပ် ထုတ်ပြန်လိုက်ပါတယ်။မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ရဲ့ သြဇာရှိတဲ့ ညီမ Kim Yo-jong က တောင်ကိုရီးယားနိုင်ငံထဲ ဆောင်ရွက်ဆဲ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ်ဝေဖန်လိုက်ပြီး တရားဝင်ကြေညာချက် တရပ်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယား ဗဟိုသတင်းဌာနကထုတ်ပြန်တဲ့ Kim ရဲ့ ထုတ်ပြန်ချက်ထဲမှာ အမေရိကန်အစိုးရသစ်အနေနဲ့ လာမယ့်လေးနှစ်အတွင်း အေးအေးချမ်းချမ်းနေလိုလျှင် စစ်ရေးလေ့ကျင့်တာတွေ ဆက် မလုပ်ဖို့သတိပေးထား ပါတယ်။နှစ်စဉ် စစ်ရေးလေ့ကျင့်မှုတွေကို ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ပမာဏလျှော့ချထားပြီး ကွန်ပြူတာဖြင့်သာ ပုံစံတူပြုလုပ် လေ့ကျင့်တယ်လို့ စစ်ဘက်အရာရှိတွေက ပြောပါတယ်။
အမေရိကန်-ဂျပန် နစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နဲ့ ကာကွယ်ရေး ဝန်ကြီးတွေရဲ့ လုံခြုံရေးဆိုင်ရာ အစည်းအဝေးအပြီး Kim ရဲ့ ခြိမ်းခြောက်မှု ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကတော့ မြောက်ကိုရီးယားနဲ့ ဆက်သွယ်ဖို့.့ကြိုးစားနေတဲ့အကြောင်း မကြာသေးမီက ပြောဆိုထားပြီး တုံ့ပြန်မှု မရရှိသေးဘူးလို့ဆိုပါတယ်။ သူနဲ့အတူ ကာကွယ်ရေးဝန်ကြီး Austin တို့ဟာ အင်္ဂါနေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ် မြို့တော်ကို ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။
VOA